International News

ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) က နိုင်ငံအတွင်းရှိ ခေတ်မီစက်မှုအိမ်ယာ/ဇုန်များအား (Smart Industrial Estates/Zone) များအတွက် မက်လုံးပေးဆွဲဆောင်မှုကမ်း လှမ်းချက်အစီအစဉ်ဖြင့် အဆင့်မြှင့်တင်မည်

Last Updated:

ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုအဖွဲ့ (Board of Investment-BOI) သည် ထိုင်းအတွင်းရှိ ခေတ်မီစက်မှုအိမ်ယာ/ဇုန်များ (Smart Industrial Estates/ Zone) များတည်ထောင်ရန်နှင့် လက်ရှိစက်မှုဇုန်များကို ခေတ်နှင့်အညီအဆင့်မြှင့်တင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစည်းရုံးလှုပ်ရှားမှု (Investment Promotion) ကို တိုးမြှင့်လုပ်ဆောင်နိုင်ရေး ရည်ရွယ်၍ မက်လုံးပေးဆွဲဆောင်ကမ်းလှမ်းမှု အစီအစဉ်များအား ပြီးခဲ့သည့်ရက်ပိုင်းက BOI အစည်းအဝေးတွင် သ‌ဘောတူ ခွင့်ပြုပေးခဲ့ပြီးနောက် ယခုအခါ “BOI upgrades Incentive Package for Smart Industrial Estates/Zones” ခေါင်းစဉ်ဖြင့် သတင်းကြေညာချက်တစ်ရပ်အား Bangkok Post သတင်းမီဒီယာ၏ Website ၌ ဇွန်လ ၂၁ ရက်နေ့၊ ရက်စွဲဖြင့် ဖော်ပြထားပါသည်။

ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) သည် ထိုင်းနိုင်ငံအတွင်းရှိတွင် ခေတ်မီ စက်မှုအိမ်ယာ/ဇုန်များ (Smart Industrial Estates/Zone) များအတွက် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာစည်းရုံးလှုပ်ရှားမှု (Investment Promotion) တစ်ခုကို တိုးမြှင့်လုပ်ဆောင်ပြီဖြစ်ပြီး လက်ရှိစက်မှုအိမ်ယာ/ဇုန်များကို ခေတ်မီမွမ်းမံ ပြင်ဆင်ရန်အတွက် မက်လုံးပေးဆွဲဆောင်မှုအစီအစဉ်အသစ် (New Incentive Package) တစ်ခုကို ထုတ်ပြန်ကြေညာထားပါသည်။

အဆိုပါ အထူး Promotion အကျိုးခံစားခွင့်/ အခွင့်အရေးများကို လျှောက်ထားရယူရန် (သို့မဟုတ်) လိုအပ်သောအထောက်အပံ့ပစ္စည်းများဖြင့် သမားရိုးကျ ခေတ်နှင့်အညီ မွမ်းမံပြင်ဆင်ရန်အတွက် လျှောက်ထားမည်ဆိုပါက လုပ်ဆောင်မည့် စီမံချက်အနေဖြင့် စက်မှုဇုံများအား ၎င်းတို့၏ Customer များအတွက် အရေးပါသည့်နယ်ပယ် ၅ ခု၌ Smart System Service ဝန်ဆောင်မှုများ ပေးရမည်ဖြစ်ပြီး အဆိုပါနယ်ပယ်များမှာ Smart Facilities၊ Smart IT၊ Smart Energy၊ Smart Economy နှင့် Smart Good Corporate Governance၊ Smart Living နှင့် Smart Workforce အမည်ရှိ Intelligent System ဝန်ဆောင်မှုသုံးခုမှ အနည်းဆုံးတစ်ခု ဝန်ဆောင်မှုပေးအပ်ရမည်ဖြစ်ပါသည်။

ခွင့်ပြုမည့်စီမံကိန်းများအနေဖြင့် ဝင်ငွေခွန် (Corporate Income Tax Exemption) ကင်းလွတ်ခွင့် ၈ နှစ်တိတိရရှိစေမည် ဖြစ်ပြီး အရှေ့စီးပွားရေးစင်္ကြံ (Eastern Economic Corridor-EEC) ရှိ  စီမံကိန်းများအနေဖြင့် ဝင်ငွေခွန် ၅၀% ကင်းလွတ်ခွင့်အား ထပ်တိုး ၅ နှစ်စာခံစားရရှိစေမည်ဖြစ်ပြီး  Smart System Service ဝန်ဆောင်မှု ၅ ခုပေးအပ်ရမည့် Smart Industrial Estate/Zone များအတွက် အကျိုးခံစားခွင့် (၂) မျိုးရှိမည်ဖြစ်ပါသည်။

Smart Industrial Estate/Zone အသစ်တည်ဆောက်မည် ဆိုပါက ဝင်ငွေခွန်ကင်းလွတ်ခွင့် ၈ နှစ်တိတိနှင့် အဆိုပါ စီမံကိန်းအသစ်များကို ECC တွင် တည်ဆောက်မည်ဆိုပါက ဝင်ငွေခွန်ကင်းလွတ်ခွင့် ၅၀% (၅ နှစ်တိတိ)ရရှိမည့် အကျိုးခံစားခွင့်နှင့် လက်ရှိ Smart Industrial Estate/Zone ဆိုပါက ဝင်ငွေခွန် ကင်းလွတ်ခွင့် ၃ နှစ်တိတိနှင့် ECC တွင် တည်ရှိပြီးဖြစ်သည့် စီမံကိန်းများဖြစ်ပါက ဝင်ငွေခွန်ကင်းလွတ်ခွင့် ၅၀% ( ၅ နှစ် တိတိ) တို့ဖြစ်ပါသည်။

 

 

ပြည့်ဖြိုးအောင်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

 

Category: International News